Event

riversiamon
riversiamon
riversiamon

On site Verification Audit

River Samon Institute of Management သည် နိုင်ငံတက္ကသိုလ်များနျှင့် ပူးပေါင်းပြီး Ph.D ၊ DBA ၊ MBA ၊ Diploma ဘွဲ့များကို သင်ကြားပို့ချနေသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဖွင့်လှစ်သည့်အတွက် အရည်အသွေးအကဲဖြတ်ခြင်းသည်လဲ လွန်စွာမှ အရေးကြီးသည့်အတွက် တက္ကသိုလ်အသီးသီးသည် နှစ်စဉ် လာရောက် On site Verification Audit ပြုလုပ်လေ့ရှိပါသည်။ Mr. Dan Perry သည် ဇန်န၀ါရီလ (၂၉ )ရက်နေ့တွင် လာရောက်ပြီး စစ်ဆေးခဲ့ပါသည်။ စစ်ဆေးသည့် အချက်များမှာ-

  1. စာမေးပွဲစနစ်ကိုစစ်ဆေးဖြင်း
  2. Library Provision
  3. စာသင်ခန်းမများစစ်ဆေးခြင်း
  4. Health & Safety Programme
  5. Enrollment & Registration
  6. Marketing & Student Recruitment
  7. Research & Thesis Preparation
  8. Seminar & Workshop Research
  9. Industrial Visit

RSIM "3rd Graduation Ceremony 2017

River Samon Institute of Management ရဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ RSIM “3rd Graduation Ceremony 2017” ရဲ့ ပုံရိပ်အချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ယခုနှစ် အခမ်းအနားကြီးသည် RSIM ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘွဲ့နှင်းသဘင် အခမ်းအနာကြီး၏ တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါသည်။

ယခုနှစ် အခမ်းအနားကြီးကို River Samon Institute of Management ကို တည်ထောင်သူဖြစ်သော ဆရာဦးညီလွင် (MD) နှင့် Lincoln University College မှ Vice Chancellor Professor DR. AMIYA BHAUMK, UBIS University Switzerland မှ Dean (International) of UBIS Professor Dr. Alexander Pulte, Professor Dr.Daw Thin Thin Aye (Department of Commerce from Monywa University of Economics), Dr. Daw Hla Theingi, Dr. William, Dr. U Kyaw Nyein Aye, Dr. U Myo Nyein Aye နှင့် အခြားသော RSIM မှ တာဝန်ရှိ ပညာရေးအဖွဲ့ဝင်များ၊ RSM မှ Programme အသီးသီးမှ ဘွဲ့ရမောင်မယ်များ၊ ဂုဏ်သရေရှိမိသားစုဝင်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ နှင့် ပြည်တွင်း မီဒီယာများ တက်ရောက်ခဲ့ကြပါသည်။

ယခုနှစ်အခမ်းအနားကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် စတင်ဖွင့်လှစ်ခဲ့ပြီး Professor Dr. ဒေါ်သင်းသင်းအေး၊ Lincoln University College မှ Vice Chancellor Professor DR. AMIYA BHAUMK, UBIS University Switzerland မှ Dean (International) of UBIS Professor Dr. Alexander Pulte တို့မှ ဘွဲ့ရမောင်၊မယ်များအား ဂုဏ်ပြု၊ ချီးကျူးစကားများ အသီးသီးပြောကြားခဲ့ပြီး RSIM ကို တည်ထောင်သူ နှင့် Managing Director ဆရာဦးညီလွင် မှ နိဂုံးချုပ် ကျေးဇူးတင်စကားများပြောကြားခဲ့ပါသည်။

ထို့နောက် RSIM ၏ Programme အသီးသီးမှ ထူးချွန်၊ ထိုက်တန်စွာအောင်မြင်ခဲ့ကြပါသော ဘွဲ့ရ မောင်မယ်များအား ဘွဲ့လက်မှတ်များ အပ်နှင်းခြင်းတို့ကို ဆက်လက်ပြုလုပ်ခဲ့ပြီး၊ ဘွဲ့ရမောင်မယ်များ ထဲမှ ကျောင်းသားကိုယ်စားလှယ်များမှလဲ အမှတ်တရစကားများပြောကြားခြင်း၊ အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကူးခြင်းတို့ကို အစဉ်လိုက်ပြုလုပ်ကာ အခမ်းအနားကို အောင်မြင်၊ ပျော်ရွင်စွာကျင်းပနိုင်ခဲ့ ပါသည်။

ယခုနှစ် RSIM “3rd Graduation Ceremony 2017” တွင် ဘွဲ့လက်မှတ်အသီးသီးကို အောင်မြင်စွာ ဆွတ်ခူးရရှိခဲ့ကြပါသော MBA ဘွဲ့ရမောင်မယ်ပေါင်း (၁၀၀)ခန့်၊ Professional Executive Diploma ဘွဲ့ရမောင်မယ်ပေါင်း (၅၀)ခန့်၊ Executive Diploma UK ဘွဲ့ရမောင်မယ်ပေါင်း (၂၀)ခန့် နှင့် ဘွဲ့ရမောင်မယ်များ၏ ဂုဏ်သရေရှိမိဘများနှင့်၊ မိသားစုဝင်များအတွက် RSIM မှ အထူးဂုဏ်ယူ ၀မ်းမြောက်မိပါကြောင်းနှင့် တိုးတက်လာမည့်အနာဂတ်အတွက်လည်း အောင်မြင်မှုများကို ဆက်လက်ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းရင်း မြန်မာမှ အောင်မြင်မှုကို လိုလားသော မျိုးဆက်သစ်လူငယ်များကိုလည်း River Samon Institute of Management မှ နွေးထွေး၊ လှိုက်လှဲစွာကြိုဆိုလျက်ရှိပါသည်…။

River Samon Institute of Management မှ အခမ်းအနားကို တက်ရောက်ခဲ့ကြပါသော ဆရာကြီး၊ ဆရာမကြီးများအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်လာ ကြသော ဘွဲ့ရမောင်မယ်များအား ဂုဏ်ယူဝမ်းမြောက်ချီးကျူးပါကြောင်း၊ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်လာကြသော၊ မိဘများ၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအား အထူးကျေးဇူးတင်ရှိပါသည်။ အထူးသဖြင့် အခမ်းအနားကို အောင်မြင်စွာပြီးမြောက် ဆောင်ရွက် ခဲ့ကြသော ၀န်ထမ်းများအားလုံးအား ဂုဏ်ပြုမှတ်တမ်းတင်အပ် ပါသည်။


Corporate_Training @ ROYAL ACE MEGA Co.,Ltd

  • River Samon Institute of Management ၏ Principal ဆရာဦးညီလွင်မှ မြန်မာနိုင်ငံရုပ်ရှင်ရုံလုပ်ငန်းများလုပ်ကိုင်နေသော ROYAL ACE MEGA Co.,Ltd တွင် Customer Service ဘာသာရပ်အတွက် Corporate Training သင်ကြားပေးနေခြင်းဖြစ်ပါတယ်...။

  • River Samon Institute of Management သည် မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီကြီးများကိုလဲ Corporate Training သင်ကြားလျှက်ရှိပါတယ်...။

  • လူကြီးမင်းတို့ ကုမ္ပဏီကြီးများ၏ ထုတ်ကုန်များ၊ ၀န်ဆောင်မှုများနှင့်ပတ်သတ်သော မိမိတို့ကြိုက်နှစ်သက်သော ဘာသာရပ်များကို Corporate Training သင်ကြားပေးရန် RSIM မှ ထွေးနွေးစွာလက်ကမ်းကြိုဆိုနေပါတယ်ရှင်...။


Take the first step to knowledge with us


News & Events

On site Verification Audit

29 Jan | 10:00 - 12:00

River Samon Institute of Management သည် နိုင်ငံတက္ကသိုလ်များနျှင့် ပူးပေါင်းပြီး Ph.D ၊ DBA ၊ MBA ၊ Diploma ဘွဲ့များကို သင်ကြားပို့ချနေသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။

RSIM "3rd Graduation Ceremony 2017

17 Dec | 10:00 - 12:00

River Samon Institute of Management ၏ Principal ဆရာဦးညီလွင်မှ မြန်မာနိုင်ငံရုပ်ရှင်ရုံလုပ်ငန်းများလုပ်ကိုင်နေသော ROYAL ACE MEGA Co.,Ltd တွင် Customer Service ဘာသာရပ်အတွက် Corporate Training သင်ကြားပေးနေခြင်းဖြစ်ပါတယ်...။

© 2015 River Samon Institute of Management. All rights reserved | Developed by Host Myanmar.net